Homeပြည်တွင်းသတင်းအိန္ဒိယစစ်တပ်က တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင် နှိပ်စက်သတ် ဖြတ်ခဲ့‌ကြောင်း စိစစ်တွေရှိ့ရတယ်လို့ NUG ထုတ်ပြန်

အိန္ဒိယစစ်တပ်က တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင် နှိပ်စက်သတ် ဖြတ်ခဲ့‌ကြောင်း စိစစ်တွေရှိ့ရတယ်လို့ NUG ထုတ်ပြန်

၂၁ မေ ၊၂၀၂၅

တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ၁၀ ဦးကို အိန္ဒိယစစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဖမ်းဆီး ခေါ်ဆောင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း စိစစ်တွေ့ရှိရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက်အခြမ်း ယာယီစခန်းကို ရွှေ့ပြောင်း တာဝန်ထမ်းဆောင်နေတဲ့ တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ရဲဘော် ၁၀ ဦးစလုံး မေလ ၁၄ ရက်နေ့ မှာ စခန်းမှ ပျောက် ဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Assam Rifles (တပ်ရင်း ၁၊ ချန် ဒေခရိုင်၊ မဏိပူရ်ပြည်နယ်) က ရုပ်အလောင်း ၁၀ လောင်း ကို လွှဲ ပြောင်းလာတယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေ စစ်ဆေးမှုတွေ၊ အစီရင်ခံစာ တွေ့ရှိချက်တွေ ၊ ဆွေးနွေးတွေ့ရှိချက် တွေအရ ဖြစ်စဉ် အမှန် မှာ အိန္ဒိယနိုင်ငံမီဒီယာတွေက ရေးသားဖော်ပြနေသလို တမူး ခရိုင်၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခဲ့တာမဟုတ်ဘူးလို့ NUG ကဆိုပါတယ်။

တမူး ခရိုင်၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) အနေနဲ့ ယာယီ စခန်းရွှေ့ပြောင်းမှုကို သတင်းကြိုတင် ပေးပို့ ထားသည့်ကြားက အိန္ဒိယစစ်တပ် Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်)က အကြောင်း ပြချက်မခိုင်လုံစွာနဲ့ ပကဖ ရဲဘော်တွေကို ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တာကို သုံးသပ် တွေ့ရှိရကြောင်း NUG က ဆိုထားပါတယ်။

မြေပြင်စိစစ်တွေ့ရှိချက်တွေအပေါ်အခြေခံလျက် အိန္ဒိယနိုင်ငံအစိုးရအနေနဲ့

(က) အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်၊

(ခ) အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေး ယူ ဖြေရှင်းပေးရန်၊

(ဂ) နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်၊

(ဃ) နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်၊

(င) နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များအား ရှောင်လွှဲရန် တို့ကို NUG က တောင်းဆိုထားပါတယ်။

NUG အနေဖြင့် ယခုဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံအစိုးရ၏ မူဝါဒသဘောထားရပ်တည်ချက်တစုံတရာကို ကိုယ် စားပြုခြင်းမဟုတ်ဟု ယုံကြည်ပါကြောင်း၊ NUG အနေဖြင့် ယခင်ပေးပို့ထုတ်ပြန်ထားသည့် မိမိတို့၏ မူဝါဒ အတိုင်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို အရှည်ရှေးရှုလျက် နယ်စပ်ဒေသကိစ္စရပ်များတွင် အတတ် နိုင် ဘဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုထုတ်ပြန်ချက်မှာ မြန်မာပြည်သူများ၏ ဆန္ဒသ ဘောထားလည်း ဖြစ်သဖြင့် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် အလေး ထား ဆောင်ရွက် မည်ဟု ယုံကြည် ပါ ကြောင်းနှင့် အမှုမှန်မပေါ်ပေါက်ခဲ့ပါက ဖြစ်ပေါ်လာမည့်ကိစ္စများတွင် NUGအနေဖြင့် ကိုင် တွယ်ဖြေ ရှင်း ရန် ခက်ခဲမည်ဖြစ်ပါကြောင်း အထူးမေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read