Homeပြည်တွင်းသတင်းအာရက္ခတပ်တော် AA ကိုတိုက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာစစ်သား တွေစုဆောင်းနေ

အာရက္ခတပ်တော် AA ကိုတိုက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာစစ်သား တွေစုဆောင်းနေ

၂၆ နိုဝင်ဘာ၊၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ အာရက္ခတပ်တော် AA ကိုတိုက်ဖို့ ရိုဟင်ဂျာ စစ် သားတွေ စုဆောင်းခံနေရကြောင်း ရိုက်တာသတင်းဌာနက နိုဝင်ဘာ၂၅ရက်နေ့စွဲနဲ့ ဖော်ပြလိုက်ပါတယ်။

အာရက္ခတပ်တော် AA ကို တိုက်ထုတ်ဖို့အတွက် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့စည်းတွေကနေ စစ်သား ၃၀၀၀ က ၅၀၀၀ ကြား စုဆောင်းထားတယ်လို့ ရိုက်တာက ရေးသားပါတယ်။ သူတို့တွေကို ငွေကြေး၊ အမျိုးသားရေးဝါဒီ၊ မမှန်ကန်တဲ့ ကတိစကားတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ စစ်တိုက်ဖို့ စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့နဲ့အတူ တိုက်ပေးတဲ့ ရိုဟင်ဂျာတွေကို ငွေနဲ့ နိုင်ငံသားဖြစ်ခွင့် စာရွက်စာတမ်းတွေ ထုတ်ပေးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာတွေကို စစ်သားအဖြစ် စု ဆောင်းနေတဲ့သတင်းကို ငြင်းဆိုထားပြီး တောင်းဆိုချက်အရ သူတို့ ကျေးရွာတွေနဲ့ သူတို့ ဒေသကို ကာကွယ် နိုင်ဖို့ အခြေခံ စစ်သင်တန်းပေးတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ရိုက်တာသတင်းဌာနဟာ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေက လုံခြုံရေးဆိုင်ရာအဖွဲ့တွင်းအစီရင်ခံစာနှစ် စောင်ကိုရယူသုံးသပ်ပြီး လူ ၁၈ ဦးကို အင်တာဗျူးမေးမြန်းခဲ့ပြီး ရေးသားထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

ရိုက်တာက မေးမြန်းခဲ့တဲ့ Abu Afna က “ကျွန်တော်တို့ရဲ့ အဓိက ရန်သူက မြန်မာ အစိုးရ မဟုတ်ပါဘူး။ ရခိုင် ရပ်ရွာ အသိုက်အဝန်းပါ” ဖြေဆိုထားကြောင်း သတင်းမှာ ပါဝင်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့အတူ AA ကို တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်သားတွေနဲ့ တခန်းထဲအတူနေ အတူစားရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လူသစ်စုဆောင်းခံရသူအများစုကတော့ အဓမ္မခေါ်ယူခံရတာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တွေ တောင် ပါဝင်တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး အခုနှစ်အတွင်း အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၆၀ ခန့် သတ်ဖြတ်ခံခဲ့ရ တယ် လို့ ဆိုပါတယ်။

RSO ၊ ARSA စတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှု တွေ ကျူးလွန်နေပြီး အခုနှစ်အတွင်း အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၆၀ ခန့် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဒါရိုက်တာ John Quinley က “ဒီနှစ်အတွင်း အကြမ်းဖက်မှု အရေအတွက်ဟာ ၂၀၁၇ နောက်ပိုင်းကာလတွေအတွင်း အမြင့်ဆုံးဖြစ်တယ်” လို့ ပြောဆိုပါတယ်။

ပုံစာ – ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက သူတို့နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့ ရုပ်သံဖိုင်တစ်ခု

Photo – Screengrab

ဆက်စပ် သတင်းများ

Most read