Homeပြည်တွင်းသတင်းတောင်ကိုရီးယားနိုင်ငံရှိ NUG အစိုးရ ကိုယ်စားလှယ်ရုံးမှာ Passport သက်တမ်းတိုးနိုင်ပြီ

တောင်ကိုရီးယားနိုင်ငံရှိ NUG အစိုးရ ကိုယ်စားလှယ်ရုံးမှာ Passport သက်တမ်းတိုးနိုင်ပြီ

၈ နိုဝင်ဘာ၊၂၀၂၄

တောင်ကိုရီးယားနိုင်ငံမှာနေထိုင်တဲ့ Passport သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးမှာ တရားဝင်သွားရောက် သက်တမ်းတိုးနိုင်ပြီလို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်မှာ နေထိုင်တဲ့ မြန်မာမာနိုင်ငံသား ကိုလှိုင်မိုးသူဆိုသူက ၎င်းကိုယ်တိုင် ဘူဖြောင်းဘူတာ အနီးမှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံNUG ကိုယ်စားလှယ်ရုံးမှာ သွားရောက်သက်တမ်းတိုးလုပ်ဆောင်ခဲ့တဲ့ အကြောင်းကို သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားမှုအရ သိရတာလည်းဖြစ်ပါတယ်။

“သက်တမ်းတိုးပြီး ၁၄ ရက်အတွင်းအကြောင်းမကြားရင် ဒဏ်ကြေးဆောင်ရမယ်ဆိုလို့ ၁၄ ရက်နေ့မနက်မှာ အားခြင်း လ.ဝ.က ကို အရောက်သွား ဖောင်ဖြည့် ဘိုကင်တောင်းပြီးလုပ်ဆောင်ရာမှာ နာရီဝတ်တောင်မကြာပဲ ပြီးစီးခဲ့ပါတယ်လို့ “ ၎င်းကရေးသားထားပါတယ်။

Passport သက်တမ်းကုန်ဆုံးသွားတဲ့ ကိုရီးယားရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးမှာပဲ အဓိက သက်တမ်းပြန်တိုးကြမယ်ဆိုပါက အခြားနိုင်ငံရှိ NUG အစိုးရ ကိုယ်စားလှယ်ရုံး တွေ အတွက်လည်း မြန်မာနိုင်ငံသားတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ အပြောင်းအလဲတခုခု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်မိကြောင်းလည်း ကိုလှိုင်မိုးသူက ကိုရီးယားရှိ မြန်မာတွေကို အသိပေးတိုက်တွန်းထားတာ တွေ့ရပါ တယ်။

Photo – Hlaing Moe Thuu

ဆက်စပ် သတင်းများ

Most read