Homeပြည်တွင်းသတင်းနေပြည်တော်အတွင်းရှိ မြို့နယ်တွေမှာ ရေဘေးကြောင့်သေဆုံးသူ ၁၉ ဦးထိရှိလာ

နေပြည်တော်အတွင်းရှိ မြို့နယ်တွေမှာ ရေဘေးကြောင့်သေဆုံးသူ ၁၉ ဦးထိရှိလာ

၁၃ စက်တင်ဘာ၊၂၀၂၄

လက်ရှိဖြစ်ပေါ်နေတဲ့ နေရကြီးနှစ်မြု့မှုတွေကြောင့် နေပြည်တော်အတွင်းရှိ မြို့နယ်တွေမှာ ရေဘေးကြောင့် သေဆုံးရသူ ၁၉ ဦး အထိရှိလာပြီလို့ မိးသက်တပ်ဖွဲ့ရဲ့ ထုတ်ပြန်လာမှုအရ သိရပါတယ်။

သေးဆုံးခဲ့ရသူတွေရဲ့ အသက်အရွယ်နဲ့ အချက်အလက် အသေးစိတ်ကို ဖော်ပြထားချင်းမရှိပေးမယ့် ကျား ၆ ယောက်နဲ့ မ ၁၃ ယောက် သေဆုံးခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက် နေတယ် လို့လည်း ဆိုပါတယ်။

နေပြည်တော်အတွင်းက မြို့နယ်တွေမှာ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းကရေဘေးစတင်ကြုံတွေ့ခဲ့ပြီး ဇေယျာသီရိ၊ပုဗ္ဗသီရိ၊ တပ်ကုန်း၊ပျဉ်းမနားမြို့နယ်တွေက ကျေးရွာပေါင်း ၅၀ထက်မနည်းဟာ ဆိုးဆိုးရွားရွား နေကြီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေဘေးကြောင့် ရမည်းသင်းမြိုတစ်မြို့ထဲမှာ ၁၀ဦးသေဆုံးပြီး လူဦးရေငါးသောင်းကျော် ရေဘေးသင့် နေတယ် လို့လည်း ရမည်းသင်းမြို့ မီးသတ်တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ မြန်မာနိုင်ငံက သာစည်၊ ရမည်းသင်း၊ ပင်လောင်း၊ ဘားအံ၊ လွိုင်လင်၊ တောင်ကြီးနဲ့ တပ်ကုန်း စတဲ့ မြို့နယ် ခုနစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်နေ့က မိုးရေချိန် စံချိန်သစ်တင်ခဲ့တယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ ပဲခူးမြစ်ရေတွေ မြင့်တက်လာနိုင်တာကြောင့် ကရင်၊ ပဲခူးနဲ့ မွန်ပြည်နယ်က မြို့ခုနစ်မြို့မှာ မြစ်ရေကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

ပုံစာ-(တပ်ကုန်းမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု)
Photo – MFSD

ဆက်စပ် သတင်းများ

Most read