Homeပြည်တွင်းသတင်းလေးမျက်နှာရေဘေးအလှူသွားတဲ့ကား တိမ်းမှောက်

လေးမျက်နှာရေဘေးအလှူသွားတဲ့ကား တိမ်းမှောက်

၄ ဩဂုတ် ၂၀၂၆ | New Day Myanmar

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အိုင်သပြုဘက်ကနေ နိဗ္ဗာန်ရွာနဲ့ ခမောက်စုရွာကြားမှာ ရေဘေးအလှူလာတဲ့ ယာဉ်တစ်စီးဟာ ဒီနေ့ ဩဂုတ် ၄ ရက် နံနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိသိရတဲ့ အချက်အလက်အရ ထိခိုက်ဒဏ်ရာရသူ ၈ ဦးခန့်ရှိပြီး စုပေါင်းကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်နေရာမှာ ကနဦးပြုစုကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီနောက် နယ်ခံကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် နိုင်ငံတစ်ဝန်းက ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအဖွဲ့တွေ ရောက်ရှိကူညီနေကြတာကြောင့် အလှူလာရောက်မယ့်သူတွေအနေနဲ့ အလောတကြီး မောင်းနှင်စရာမလိုကြောင်း တိုက်တွန်းထားပါတယ်။

အထူးသဖြင့် မိုးရွာသွန်းတာ၊ လေတိုက်တာနဲ့ တောင်ကျရေစီးတာတွေ ရှိနေတဲ့အတွက် လမ်းခရီးမှာ အန္တရာယ်ပိုများနိုင်တာကြောင့် အမြန်ရောက်ဖို့ထက် ဘေးကင်းကင်းရောက်ဖို့ကို ဦးစားပေးပြီး ဂရုတစိုက် မောင်းနှင်ကြဖို့ တိုက်တွန်းထားပါတယ်။

ရေဘေးကာလဟာ ခဏနဲ့ပြီးမယ့် အခြေအနေမဟုတ်တာကြောင့် အလှူအတန်းတွေကို အချိန်ယူပြီး ဆက်လက်ပြုလုပ်နိုင်သလို ရေကျသွားပြီးနောက် ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီလိုအပ်ချက်တွေ အများကြီးရှိနေဦးမှာဖြစ်တယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။

Related News

Most Read