Homeပြည်တွင်းသတင်းလေးမျက်နှာမြို့နယ်က ရေဘေးသင့်ကျေးရွာတွေမှာ အစားအသောက်နဲ့ ကယ်ဆယ်ရေးစက်လှေတွေ အရေးပေါ်လိုအပ်နေ

လေးမျက်နှာမြို့နယ်က ရေဘေးသင့်ကျေးရွာတွေမှာ အစားအသောက်နဲ့ ကယ်ဆယ်ရေးစက်လှေတွေ အရေးပေါ်လိုအပ်နေ

၁ ဩဂုတ် ၂၀၂၆ | New Day Myanmar

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့တာကြောင့် ကျေးရွာအများအပြား ရေဝင်နစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေးစက်လှေတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဧရာဝတီကရင်လူငယ်များအဖွဲ့က ပြောပါတယ်။

ဇူလိုင် ၃၀ ရက် ညပိုင်းက လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ပြီးနောက် မြစ်ရေတွေဟာ မြို့နယ်အတွင်းက ကျေးရွာအများအပြားဆီ အရှိန်အဟုန်နဲ့ ဝင်ရောက်ခဲ့တာပါ။

ရေဘေးသင့်ဒေသခံတွေကို အနီးအနားရှိ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေဆီ ကနဦးရွှေ့ပြောင်းပေးခဲ့ပေမယ့် ရေထပ်မံမြင့်တက်လာတာကြောင့် အဲဒီနေရာတွေကနေ ရေမဝင်နိုင်တဲ့ ဘေးလွတ်ရာနေရာတွေဆီ အရေးပေါ်ထပ်မံရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

လက်ရှိ ရေဘေးသင့်ဒေသတွေမှာ စားသောက်ရိက္ခာ၊ သောက်သုံးရေသန့်၊ ဆေးဝါးနဲ့ ကျန်းမာရေးအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေပါတယ်။ ဒါ့အပြင် ရေဝင်ရောက်နေတဲ့ ကျေးရွာတွေဆီ သွားရောက်ကယ်ဆယ်နိုင်ဖို့ စက်လှေတွေ၊ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရေထပ်မံမြင့်တက်လာနိုင်တာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာဆီ ဆက်လက်ရွှေ့ပြောင်းပေးနေရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် တတ်နိုင်တဲ့ အင်အား၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ ငွေကြေးတွေဖြင့် ပါဝင်ကူညီပေးကြဖို့ ဧရာဝတီကရင်လူငယ်များအဖွဲ့က တိုက်တွန်းထားပါတယ်။

Related News

Most Read