Homeပြည်တွင်းသတင်းနေပြည်တော်မှာ လေကြောင်းကနေ ပရိတ်ရေ ကြဲချ

နေပြည်တော်မှာ လေကြောင်းကနေ ပရိတ်ရေ ကြဲချ

၁၈ ဧပြီ ၂၀၂၆ | New Day Myanmar

နေပြည်တော်မှာ အန္တရာယ်ကင်း ဖို့ဆိုပြီး နေပြည်တော်က ဆရာတော်တွေ ဦးဆောင်ပြီး လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပရိတ်ရေ ကြဲချခဲ့တယ်လို့ စစ်တပ် လက်အောက်ခံ ဝါဒဖြန့် သတင်းဌာနတွေမှာဖော်ပြပါတယ်။

ဧပြီ ၁၇ ရက် မနက်ပိုင်းမှာ ဆရာတော်တွေက နေပြည်တော်ဝေဟင်ကနေ ရဟတ်ယာဉ်နဲ့ အန္တရာယ်ကင်း ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီး ပရိတ်ရေတွေ ပက်ဖျန်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒဏ္ခိဏသီရိမြို့နယ် မာရဝိဇယကျောင်းတိုက်က ဆရာတော် ဘဒ္ဒန္တ နေမိန္ဒ ဦးဆောင်တဲ့ ဆရာတော် ၆ ပါးက စစ်တပ် ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ လှည့်လည်ပြီး ပရိတ်ရွတ်ဖတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူမှုကွန်ရက်အသုံးပြုသူတချို့ကတော့ “အန္တရာယ်ကင်းဖို့ လေယာဉ်နဲ့ ပရိတ်ရွတ်စရာ မလိုပါဘူး၊ လေယာဉ်နဲ့ ဗုံးမကျဲရင် ရပါပြီ” လို့ ဝေဖန်ရေးသားထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားဒေသတွေကိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုနဲ့ ပျက်စီးမှုတွေ များပြားနေပါတယ်။

စစ်တပ်ဟာ သင်္ကြန်ကာလအတွင်းမှာပါ ဒေသအချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး