Homeပြည်တွင်းသတင်းတောင်ဥက္ကလာပမှာ လမ်းဘေးနေထိုင်သူ အမျိုးသားတဦး သေဆုံးလျက်တွေ့ရှိ

တောင်ဥက္ကလာပမှာ လမ်းဘေးနေထိုင်သူ အမျိုးသားတဦး သေဆုံးလျက်တွေ့ရှိ

၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၁ ရပ်ကွက်၊ သံသုမာလမ်းနဲ့ မြင်သာ (၈) လမ်းထိပ်အနီးမှာ အမျိုးသားတဦး သေဆုံးလျက်ရှိနေတာကို ဇူလိုင် ၇ ရက် ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ လမ်းဘေးမှာ နေထိုင်သူတဦးဖြစ်တယ်လို့ ကနဦးသိရှိရပြီး ဖြစ်စဉ်ကို မေတ္တာသီတာရစင် လူမှုကူညီရေးအသင်းက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အသင်းရဲ့ အသိပေးချက်အရ သိရပါတယ်။

အဲဒီနောက် သေဆုံးသူရဲ့ ရုပ်အလောင်းကို စံပြဆေးရုံကြီးကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သေဆုံးရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Related News

Most Read