Homeပြည်တွင်းသတင်းအိမ်ရှင် အမေရိကန်က ပါရာဂွေးကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စု (D) ကို ဦးဆောင်

အိမ်ရှင် အမေရိကန်က ပါရာဂွေးကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စု (D) ကို ဦးဆောင်

၁၃ ဇွန် ၂၀၂၆ | New Day Myanmar

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ဇွန်လ ၁၂ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (D) အဖွင့်ပွဲစဉ်မှာ အိမ်ရှင် အမေရိကန်အသင်းက ပါရာဂွေးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး အုပ်စုကို ဦးဆောင်နိုင်ခဲ့တယ်လို့ CNN က ဖော်ပြပါတယ်။

အမေရိကန်အသင်းဟာ ပွဲအစကတည်းက တိုက်စစ်ဖိအားပေး ကစားနိုင်ခဲ့ပြီး ပါရာဂွေးအသင်းကို သုံးဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပါရာဂွေးက ဒုတိယပိုင်းမှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ အမေရိကန်က နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူကာ ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီနိုင်ပွဲဟာ အိမ်ရှင်အမေရိကန်အသင်းအတွက် အားတက်စရာကောင်းတဲ့ အဖွင့်ရလဒ်တစ်ခုဖြစ်ပြီး အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ရောက်ရေးအတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပွဲစဉ်မတိုင်ခင် ဖွင့်ပွဲအခမ်းအနားမှာ ထိုင်းနိုင်ငံသူ K-pop အဆိုတော် Lisa က ဖျော်ဖြေတင်ဆက်ခဲ့သလို ဟောလိဝုဒ်မင်းသား Tom Cruise နဲ့ အင်္ဂလန်ဘောလုံးဂန္ထဝင် David Beckham တို့လည်း ကွင်းအတွင်း လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး