Homeအထူးသတင်းအာဆီယံပြန်ဝင်နိုင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် လိုအပ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံပြန်ဝင်နိုင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် လိုအပ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

၂၂ ဧပြီ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အတွင်း ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောကြားလိုက်ပါတယ်။

နေပြည်တော်သို့ သွားရောက်တဲ့ ခရီးစဉ်အတွင်း သတင်းထောက်တွေကို ပြောကြားရာမှာ မြန်မာနိုင်ငံဟာ အာဆီယံအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ အဓိကလိုအပ်ချက်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံအနေဖြင့် ယင်းအချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါက ဒေသတွင်း ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ပြီး အာဆီယံအတွင်း နေရာပြန်ရရှိနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေးအတွက် အာဆီယံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ထိုင်းနိုင်ငံအနေနဲ့ ဆက်လက်ပံ့ပိုးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး