၁၇ ဧပြီ ၂၀၂၆ ၊ New Day Myanmar
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွေ့လိုက်တယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းမှာ သတင်းတွေ ထွက်ပေးနေပါတယ်။
ဒီနေ့ ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း စစ်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ နေအိမ်အကျယ်ချုပ်ချထားမှုနဲ့ပတ်သက်ပြီးတော့ New Day Myanmar က အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဘီဘီစီရဲ့ သတင်းတပုဒ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဖော်ပြထားပါတယ်။


