၁၇ ဧပြီ ၂၀၂၆ | New Day Myanmar
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး လွတ်မြောက်လာပါတယ်။
စစ်ကော်မရှင်ခေါင်းဆောင် သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ မင်းအောင်လှိုင်က ဦးဝင်းမြင့်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ သတင်းဌာနတချို့မှာ ဖော်ပြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကတည်းက ဖမ်းဆီးခံရပြီး အမှု ၈ မှုနဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ကို ယခင်က ထောင်ဒဏ်လျော့ပေါ့နှစ်ကြိမ်ပေးခဲ့ဖူးပြီး အချုပ်နဲ့ထောင်သွင်းအကျဉ်းချထားခြင်း ၅ နှစ်ကျော်အကြာ ဒီနေ့မှာ ထောင်ကလွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ယခု လွတ်ငြိမ်းချမ်းသာခွင့်အရ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့တာဖြစ်ပြီး ထောင်က ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။


