Homeပြည်တွင်းသတင်းနိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိ

၁၇ ဧပြီ ၂၀၂၆ | New Day Myanmar

အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဒီနေ့ ဧပြီ ၁၇ ရက် နေ့လည်ပိုင်းမှာ မိသားစုထံပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီး အမှု ၄ မှုနဲ့ ပုဒ်မ ၁၃၀-က အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၉ နှစ် ၆ လ ချခံထားရသူ ဖြစ်ပါတယ်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်အရ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့ပြီး လွတ်မြောက်လာတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး