Homeပြည်တွင်းသတင်းမြန်မာဘက်တိုက်ပွဲကြောင့် ထိုင်းဘက်ကို ကျည်ကျ၊ ထိုင်းဘက်က ပြန်ပစ်ခတ်

မြန်မာဘက်တိုက်ပွဲကြောင့် ထိုင်းဘက်ကို ကျည်ကျ၊ ထိုင်းဘက်က ပြန်ပစ်ခတ်

၃၁ မတ် ၂၀၂၆ | New Day Myanmar

မြန်မာဘက်က ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လွင့်စင်လာတဲ့ ကျည်ဆန်တွေ ထိုင်းနိုင်ငံဘက် မဲဆောက်ဒေသထိ ကျရောက်ခဲ့ပြီးနောက် ထိုင်းတပ်ဖွဲ့တွေက ပြန်လည် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်မှာ သောင်ရင်းမြစ်အနီး မြန်မာဘက် မင်းလက်ပံကျေးရွာနားမှာ စစ်ကော်မရှင်တပ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲက ကျည်ဆန်တွေဟာ ထိုင်းဘက် မဟာဝန်ကျေးရွာအုပ်စုအတွင်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသအတွင်း အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဘက်က နရဲစွမ် အထူးတပ်ဖွဲ့တွေက နယ်စပ်လုံခြုံရေးအတွက် ချက်ချင်း တုံ့ပြန်ခဲ့ပြီး ထိုင်းပိုင်နက်ထဲ ကျည်ဆန်ကျရောက်မှုကို လက်မခံနိုင်ကြောင်း ပြသတဲ့အနေဖြင့် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းမာနေပြီး မြန်မာဘက်က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး