Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရ

၂၃ မတ်လ ၂၀၂၆ | New Day Myanmar

စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဖြစ်ပွားခဲ့တာကြောင့် မတ်လ ၂၀ ရက်နေ့မှာ အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ စစ်ကော်မရှင်ဘက်က ဒီနေ့ မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ခွဲစိတ်မှုကို နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှာ ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ပါရဂူဆရာဝန်တွေ နဲ့ စစ်တပ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ၂ နာရီကြာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်အခြေစိုက် သတင်းရင်းမြစ်အချို့အရ လာမယ့် ဧပြီလအတွင်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ လွှတ်တော်ကတဆင့် စစ်ယူနီဖောင်းချွတ်ပြီး သမ္မတအဖြစ် အာဏာကို ဆက်လက် ထိန်းချုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

#မင်းအောင်လှိုင်

#စစ်ကော်မရှင်

#နေပြည်တော်

#MyanmarMilitary

#BreakingNews

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး