Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြန်မဖြစ်ဖို့ ကုလ ကိုယ်စားလှယ်သတိပေး

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြန်မဖြစ်ဖို့ ကုလ ကိုယ်စားလှယ်သတိပေး

၅ ဇူလိုင်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ လူမျိုးတုံး အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ရှောင်ကြပါကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အန်ဒရူးက သတိပေးလိုက်ပါတယ်။

မစ္စတာ အန်ဒရူးက AFP သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဟာ နယ်မြေတွေဆုံးရှုံးနေပြီး အာရက္ခတပ်တော်က AA က စိုးမိုးနိုင်လာတာမြင့်တက်နေတယ်လို့ပြောပါတယ်။

တချိန်ထဲမှာပဲ ရိုဟင်ဂျာလူငယ်တွေကို မြန်မာစစ်တပ်က သင်တန်းပေးပြီး ရက္ခိုင့်တပ်ကို ပြန်တိုက်ဖို့ လွှတ်နေတယ်လို့လည်း မစ္စတာ အန်ဒရူးက ပြောပါတယ်။ ဒါကြောင့် အဲဒီ ရိုဟင်ဂျာတွေဟာ သူတို့ ဆန္ဒမပါဘဲ ရှေ့တန်းထွက်တိုက်ခိုက်ရရင်၊ ရခိုင်လူမျိုးတွေရဲ့ လက်စားပြန်ချတာတွေ ကြီးမားလာနိုင်တယ်လို့ သတိပေးပါတယ်။

ဆက်စပ် သတင်းများ

Most read