Homeအထူးသတင်းအလီ ခါမေနီ သေဆုံးပြီးနောက် သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ ကို အီရန်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်

အလီ ခါမေနီ သေဆုံးပြီးနောက် သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ ကို အီရန်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်

၄ မတ် ၂၀၂၆၊ New Day Myanmar’s

အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီ သေဆုံးပြီးနောက် သူ့ရဲ့သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ ကို အီရန်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်တယ်လို့ အီရန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အလီ ခါမေနီရဲ့ ဒုတိယမြောက်သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ ကို အီရန်နိုင်ငံရဲ့ နောက်ထပ် အမြင့်ဆုံးခေါင်းဆောင်အဖြစ် အီရန်ပညာရှင်များအဖွဲ့ Assembly of Experts က ရွေးချယ်တင်မြှောက်လိုက်တာဖြစ်တယ်လို့ Iran International သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ အစ္စရေးတိုက်ခိုက်မှုအတွင်း အလီ ခါမေနီ သေဆုံးခဲ့ပြီးနောက် သူ့နေရာ ဆက်ခံမယ့်သူကို ရွေးချယ်ဖို့ အီရန်တော်လှန်ရေးအစောင့်တပ် IRGC က Assembly of Experts အဖွဲ့အပေါ် ဖိအားပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အစ္စရေးမီဒီယာ Ynetnews ကလည်း မိုဂျ်တာဘာ ခါမေနီ ဟာ ဖခင်အရိုက်အရာကို ဆက်ခံမယ်လို့ အစ္စရေးဘက်က မျှော်လင့်ထားခဲ့ကြောင်း ဖော်ပြထားပါတယ်။

IRGC တပ်ဘက်က ခါမေနီရဲ့သားကို အမြန်ဆုံး အာဏာလွှဲပေးလိုက်တာဟာ စစ်ပွဲအတွင်း ခေါင်းဆောင်ပိုင်း လစ်ဟင်းမသွားစေဖို့နဲ့ အစိုးရအုပ်ချုပ်ရေး မပြိုကွဲသွားစေဖို့ ကြိုးစားတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒီအပြောင်းအလဲဟာ အီရန်နိုင်ငံရေးမှာ သားစဉ်မြေးဆက် အာဏာဆက်ခံမှု ပိုမိုခိုင်မာလာနိုင်တဲ့ အလားအလာကိုလည်း ထောက်ပြနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး