စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ ဒီငနေ့ နိုဝင်ဘာ ၁၄ရက်နေ့မှာ ရန်ကုန်မြို့ကိုရောက်ရှိနေတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ဆီကနေသိရပါတယ်။
သူဟာသန်လျင်မြို့နယ် သီလဝါ ရေတပ်စခန်းကိုသွာရောက်ကြည့်ရှုနေပြီး၊ သီလဝါတွင် ရေတပ်လေ့ကျင့်ရေးအတွက် ရောက်နေသည့် ရုရှားစစ်သင်္ဘောများကို လိုက်ကြည့်ရှုနေတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။
“ဒီနေ့သူမလာခင် ၁၂ရက်နေ့ထဲက သန်လျင်မှာ ပိုက်စိပ်တ်ုက်ကို လုံခြုံရေးချ ထားတာ။ ကျွန်တော်တို့ တက္ကစီသမားတွေလည်း မကျန်စစ်တယ်။ လမ်းမကြီးပေ့်မှာ လယ်ရီဂိတ်ချပြီးကို စစ်တာ။”လို့ သန်လျင်မြို့နယ်မှာနေတဲ့ အငှားယာဉ်တဦးက New Day Myanmar ကိုပြောပါတယ်။
ယနေ့ ၎င်းသွားလာမယ့်နေရာတွေနဲ့ လမ်းကြောင်းတလျှောက်မှာ စစ်ကော် မရှင်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအပြည့် ချထားပြီး ၎င်းတို့ မသင်္ကာသူများကို ခေါ်စစ်ကာ ဖမ်းဆီးနိုင်တာကြောင့် သတိပြုသွားလာကြဖို့ နှိုးဆော်ထားပါတယ်။


