Homeပြည်တွင်းသတင်းမြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးမှာ ထူးခြားချက်မရှိ

မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးမှာ ထူးခြားချက်မရှိ

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ၄၇ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ထူးခြားတဲ့ အချက်မရှိဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ပြုလုပ်မယ့် ​ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလည်း အာဆီယံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ခုကို စစ်တပ်က အကောင်အထည်ဖော်ဖို့ သာပြောဆိုပြီး ရွေးကောက်ပွဲဲ နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ သဘောထားကို တိတိကျကျမပြောပါဘူး။

ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က အကောင်အထည်မဖော်နိုင်တာကြောင့် အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ထုတ်ပြန်ပါတယ်။

ဒါဟာလည်း ယခင်ကတည်းက ရှိပြီးသားအခြေအနေကို ဆက်လက်ထားရှိတာသာဖြစ်ပြီး ထူးခြားချက်တော့မရှိပါဘူး။

အခုအာဆီယံအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကမ္ဘာ့ခေါင်းဆောင်အချို့တက်ရောက်ခဲ့ပေမယ့် မြန်မာ့အရေး ထူးထူးခြားခြားပြောဆိုတာလည်းမရှိခဲ့ပါဘူး။

အာဆီယံအနေနဲ့ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ကိုယ်စားလှယ်စေလွှတ်မယ် မလွှတ်ဘူးဆိုတဲ့ အချက်တောင် သဲသဲကွဲကွဲ ပြောဆိုထားတာမရှိသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး