Homeပြည်တွင်းသတင်းရန်ကုန်မြို့လယ်ခေါင်က Beauty Land Hotel မှာ အမျိုးသမီးငယ်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ သံသယရှိသူ လူငယ်ကို ဖမ်းဆီးရမိ

ရန်ကုန်မြို့လယ်ခေါင်က Beauty Land Hotel မှာ အမျိုးသမီးငယ်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ သံသယရှိသူ လူငယ်ကို ဖမ်းဆီးရမိ

အောက်တိုဘာ ၂၀၂၅

ရန်ကုန်မြို့လယ်ခေါင်က Beauty Land Hotel မှာ အမျိုးသမီးငယ်ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ သံသာရှိသူ လူ ငယ်တဦးကို မနေ့က အောက်တိုဘာ ၇ ရက်မှာ စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့က သူနေထိုင်ရာ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကျူးလွန်သူဟာ သာကေတမြို့နယ် ၇ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး၊ ၎င်းသတ် ဖြတ်ခဲ့တယ်ဆိုတာကိုလည်း ဝန်ခံထွက်တိုထားတယ်လို့ သိရပါတယ်။

“ကောင်မလေးက နယ်က နတ်တလင်းဘက်ကလို့သိရတယ်၊ မိသားစုတွေကို ရဲကတော့ အကြောင်းကြားထားတယ်။ သူတို့က ဟိုတယ်မှာချိန်းပြီးတွေ့ကြတာ။

အွန်လိုင်းကနေတွေ့ပြီး ချိန်းပြီးအတူနေတာ။ ကောင်‌လေး စိတ်မနှံတာလား ဘာလားမသိ။ သတ်တယ်အပိုင်းပိုင်းခုတ်တယ်။ ကလိစာတွေဆွဲထုတ်ထားတယ် အသားတွေကို လှီးထားတယ်။ ရဲတောင် နယ်ထိန်းလောက်နဲ့မသွားတော့ဘူး တိုင်းရုံးကနေ အင်အားနဲ့ဆင်းဖမ်းရတာ”လို့ ဆိုပါတယ်။

ဒီ ဖြစ်စဉ်ဟာ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်း ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက် ၊ ၃၂ လမ်းအထက် ၊ Beauty Land Hotel ၊ အခန်းအမှတ် ၅၀၂ မှာ အသက် ၂၀အရွယ် အမျိုးသမီးတဦးကို ခုတ်ထစ်သတ်ဖြတ်ပြီး ၊ ပလပ်စတစ်အိတ်အပြာနဲ့ ထည့်ကာ ဟိုတယ်အဲယားကွန်းတင်သည့် စင်ပေါ်မှာ တင်ခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ပါတယ်။

လတ်တ‌လော လူသတ်မှုနဲ့ သံသယရှိသူ လူငယ်ကို ရဲက စစ်ဆေးနေဆဲဖြစ်ပြီး၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး