Homeပြည်တွင်းသတင်းမြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ ပြေလည်မှုမရနိုင်လို့ NLD ထုတ်ပြန်

မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ ပြေလည်မှုမရနိုင်လို့ NLD ထုတ်ပြန်

၂၇ စက်တင်ဘာ ၂၀၂၅

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်မှမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်တဲ့ ပါတီသက်တမ်း ၃၇ နှစ်ပြည့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုအလုပ်ကော်မတီက အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး

အကျဥ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် မိတ်ဆွေနိုင်ငံတွေ ပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုတွေက ဆက်လက်ကြိုး ပမ်းအားထုတ်ပေးဖို့နဲ့ မိမိတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အားလုံးနဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီဖြစ်တာကြောင့် အာဏာရှင်အဆက် ဆက်ရဲ့မလိုမုန်းတီးစိတ်ထားနဲ့ မည်သို့ပင် တိုက်ခိုက်ချေမှုန်းဖျက်ဆီးပါစေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့

ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ကို မည်သည့်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတာကို ယနေ့တိုင် မသိရှိရဘဲ ကျန်း မာရေးအခြေအနေ စိုးရိမ်ရတဲ့သတင်းတွေထွက်ပေါ်လာတာကြောင့် ပါတီအနေနဲ့အထူးစိုးရိမ်ပူပန်မိတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး