Homeပြည်တွင်းသတင်းအမေရိကန် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ချ် အပါအဝင် စစ်ဘက်ခေါင်းဆောင် ၃ ဦးကို ရာထူးကနေ ကာကွယ်ရေးဝန်ကြီး ဖယ်ရှား

အမေရိကန် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ချ် အပါအဝင် စစ်ဘက်ခေါင်းဆောင် ၃ ဦးကို ရာထူးကနေ ကာကွယ်ရေးဝန်ကြီး ဖယ်ရှား

၂ ဧပြီ ၂၀၂၆ | New Day Myanmar

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆတ် က ကြည်းတပ်ဦးစီးချုပ် ရန်ဒီ ဂျော့ချ် ကို အပါအဝင် စစ်ဘက်ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ရာထူးက ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနယ်လ် (Sean Parnell) က ဂျော့ချ်ကိုထုတ်မယ်မှုနဲ့ပတ်သက်ပြီး ဂျော့ချ ုတယ်ခြင်းကို ကြာသပတေးနေ့ မွန်းလွဲပိုင်း X ပို့စ်တစ်ခုမှာ အတည်ပြုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဂျော့ချ်ဟာ ကြည်းတပ်ရဲ့ အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ကြီးဖြစ်ပြီး အီရန်စစ်ပွဲ ဖြစ်ပွားနေစဉ်အတွင်း ရာထူးကနေ ဖယ်ရှားခံရတာဖြစ်ပါတယ်

ဖယ်ရှားခံရသူတွေထဲမှာ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ချ်အပြင် ဗိုလ်ချုပ်ကြီး ဒေးဗစ် ဟော့ဒ်နီနဲ့ ဗိုလ်ချုပ် ဝီလျံ ဂရင်းတို့ ပါဝင်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဘက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ မူဝါဒနဲ့ ကိုက်ညီပြီး စစ်တပ်ကို ပြန်လည်တည်ဆောက်နိုင်မယ့် ခေါင်းဆောင်အသစ်တွေကို တင်သွင်းဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ရာထူးက ဖယ်ရှားခံရတဲ့ ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ချ်ဟာ ပုံမှန်အတိုင်းဆိုရင် ၂၀၂၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ရမယ့်သူ ဖြစ်ပေမယ့် သက်တမ်းမပြည့်ခင် ထွက်ခွာရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒုတိယဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ လာနိဗ်ကို ယာယီ ကြည်းတပ်ဦးစီးချုပ်အဖြစ် တာဝန်ပေးထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆတ် တာဝန်ယူပြီးနောက်ပိုင်း စစ်ဘက်ထိပ်တန်းအရာရှိတွေကို ဆက်တိုက် ဖယ်ရှားမှုတွေ ပြုလုပ်လာတာဖြစ်ပြီး ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ၊ ရေတပ်နဲ့ လေတပ် ထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ချ်

ဓါတ်ပုံ – Axios

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး