Homeပြည်တွင်းသတင်းမိုးကုတ်မြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် မန်း PDF ဆန်အိတ်အပိုင်း(၅၀၀)နဲ့ ငွေသား ကျပ်သိန်း(၁၅၀)မတည် လှူဒါန်း

မိုးကုတ်မြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် မန်း PDF ဆန်အိတ်အပိုင်း(၅၀၀)နဲ့ ငွေသား ကျပ်သိန်း(၁၅၀)မတည် လှူဒါန်း

၁၉ စက်တင်ဘာ၊၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ဆန်အိတ်အပိုင်း(၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀)မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့နယ်အတွင်းရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ ၊ ဖြူရောင်ကျေးရွာ ၊ ကျောက်တလုံးကျေးရွာ နဲ့ လွယ်မွန်းကျေးရွာတွေက ပြည်သူတွေကို အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)အိတ်နဲ့ ငွေသား(၅၀၀၀၀)ကျပ်နှုန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

Related News

Most Read