Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မှုကို ယူကေကြိုဆို၊ ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မှုကို ယူကေကြိုဆို၊ ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို

၆ မေ ၂၀၂၆ | New Day Myanmar

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း စစ်ကော်မရှင်ရဲ့ ကြေညာချက်အပေါ် ပထမဆုံးခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုကြောင်း ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ဆီမာ မယ်လ်ဟိုထရာက ပြောကြားလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ကြေညာချက်ကို ပထမဆုံးခြေလှမ်းတစ်ခုအဖြစ် ကျွန်မတို့ ကြိုဆိုပါတယ်။ သို့သော် ဒါဟာ သူမအား ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဦးတည်တဲ့ လမ်းကြောင်းပေါ်က ခြေလှမ်းတစ်ခု ဖြစ်ရပါမယ်” လို့ ဆီမာ မယ်လ်ဟိုထရာက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လက်ရှိအခြေအနေတွေအပေါ် စိုးရိမ်နေဆဲဖြစ်ပြီး အဲဒီအခြေအနေတွေအတွက် အမြန်ဆုံး အတည်ပြုချက်တွေ ရရှိဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

“မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း ကျွန်မတို့ တောင်းဆိုပါတယ်” လို့ ယူကေဝန်ကြီးက ထပ်မံပြောကြားထားပါတယ်။

စစ်ကော်မရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို “သတ်မှတ်ထားတဲ့ နေအိမ်” မှာ ပြောင်းရွှေ့ထားတယ်လို့ ဧပြီ ၃၀ ရက်နေ့က MRTV မှတဆင့် ထုတ်ပြန်ခဲ့ပေမယ့် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး