Homeပြည်တွင်းသတင်းကုလအတွင်းရေးမှူးချုပ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ သွားဖို့ ရှိနေ

ကုလအတွင်းရေးမှူးချုပ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ သွားဖို့ ရှိနေ

၂၄ ဖေဖော်ဝါရီ၊ ၂၀၂၅

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ဟာ ဘင်္ဂလာဒေ့ရှ် ကော့ဘဇာမှာရှိတဲ့ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ် ကပြောပါတယ်။

ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက်ယူနွတ်နဲ့ ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ဆုံစဉ်မှာ မစ္စ ဂျူလီဘိရှော့ပ် က ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ရိုဟင်ဂျာတွေကို ကူညီပေးနိုင်ဖို့နဲ့ နေရပ်ပြန်နိုင်ရေးကိစ္စရပ်တွေ၊ အလှူငွေဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း လက်ရှိပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ လည်း သူကပြောပါတယ်။

Photo- AP

Related News

Most Read