Homeပြည်တွင်းသတင်းCEIR မှတ်ပုံမတင်ထားတဲ့ ဖုန်းတွေ အခွန်နဲ့ ဒဏ်ကြေးပေးပြီးမှ ဆက်အသုံးပြုခွင့်ရမယ်လို့ စစ်ကော်မရှင် ကြေညာ

CEIR မှတ်ပုံမတင်ထားတဲ့ ဖုန်းတွေ အခွန်နဲ့ ဒဏ်ကြေးပေးပြီးမှ ဆက်အသုံးပြုခွင့်ရမယ်လို့ စစ်ကော်မရှင် ကြေညာ

၅ မတ် ၂၀၂၆၊ New Day Myanmar

လာမယ့် ဧပြီ ၁ ရက်ကစပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) မှာ မှတ်ပုံမတင်ထားတဲ့ မိုဘိုင်းဖုန်းတွေကို ကျသင့်အခွန်နဲ့ ဒဏ်ကြေးပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရမယ်လို့ စစ်ကော်မရှင်လက်အောက်ခံ CEIR နဲ့ EIR စနစ် စီမံကိန်းဦးစီးကော်မတီက အသိပေးထားပါတယ်။

ခွင့်ပြုစာရင်းမှာ မပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို မိုဘိုင်းဆက်သွယ်ရေးကွန်ရက်နဲ့ စတင်ချိတ်ဆက်အသုံးပြုတဲ့နေ့ကနေ ရက် ၃၀ အတွင်း ယာယီအသုံးပြုခွင့်ရမှာဖြစ်ပြီး အဲဒီကာလအတွင်း ကျသင့်အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ပြီးမှသာ ဆက်အသုံးပြုခွင့်ရမယ်လို့ ဆိုပါတယ်။

အဲဒီ မှတ်ပုံတင်စနစ်ကို ပြည်တွင်းမှာ မတ်လ ပထမပတ်ကစပြီး စတင်လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။

နယ်စပ်ဒေသတွေမှာ နေထိုင်သူတွေ၊ အင်တာနက်ရရှိဖို့ ခက်ခဲတဲ့ ဒေသက ပြည်သူတွေကတော့ မိမိဒေသရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွေမှာဖြစ်စေ၊ အကောက်ခွန်ရုံးတွေမှာဖြစ်စေ ကျသင့်အခွန်နဲ့ ဒဏ်ကြေးငွေတွေ ပေးဆောင်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် မိုဘိုင်းလက်ကိုင်ဖုန်းတွေနဲ့ မိုဘိုင်းဆက်သွယ်ရေးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းလိုတဲ့ ကုမ္ပဏီတွေကလည်း ကျသင့်အခွန်တွေ ပေးဆောင်ပြီးနောက် CEIR စနစ်ရဲ့ ခွင့်ပြုစာရင်းမှာ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

Related News

Most Read