Homeပြည်တွင်းသတင်းဒုတိယစာမျက်နှာအစကို ဆက်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

ဒုတိယစာမျက်နှာအစကို ဆက်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

၃၁ ဇူလိုင် ၂၀၂၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းထားတဲ့ ၄ နှစ်ခွဲကာလကို ပထမစာမျက်နှာလို့သတ်မှတ်ပြီး အခု ဒုတိယစာမျက်နှာအစကို ဆက်သွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံကိုအရေးပေါ်ကာလကြေညာပြီး ၆ လတကြိမ်သက်တမ်းတိုးနေတာဟာ ဒီနေ့ ဇူလိုင် ၃၁ ရက်ဆိုပြည့်ပြီဖြစ်တာကြောင့် အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူသွားရမှာဖြစ်ပါတယ်။

အရေးပေါ်ကာလကို သက်တမ်းထပ်တိုးလို့မရတော့တဲ့ အခြေအနေမှာ မနေ့က နေပြည်တော်မှာ စစ်ကောင်စီက ဂုဏ်ပြုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင် ပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ၄ နှစ်ခွဲကာလအတွင်းအခက်အခဲတွေကိုကျော်လွှားပြီး လက်ရှိအခြေအနေရောက်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ ရှေ့ခရီးတွေအများကြီးကျန်ရှိနေသေးပြီး ဒုတိယစာမျက်နှာကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းကို တဆက်တည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်အာဏာ သိမ်းတဲ့အပေါ် လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည််းတွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေး ကောက်ပွဲဟာ တရားမဝင်တဲ့အတွက် လက်မခံကြသလို အာဆီယံကလည်း အားလုံးပါဝင်တဲ့ရွေးကောက်ပွဲမကျင်းပနိုင်ရင် ပဋိပက္ခတွေပိုဆိုးလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး