Homeပြည်တွင်းသတင်းချက်ချင်းအပစ်ရပ်စဲဖို့ ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆို

ချက်ချင်းအပစ်ရပ်စဲဖို့ ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆို

၂၆ ဇူလိုင် ၂၀၂၅

နှစ်နိုင်ငံအပစ်အခတ် ချက်ချင်း ရပ်စဲဖို့လိုလားတယ်လို့ ကုလသမဂ္ဂဆိုင်ရာကမ္ဘောဒီးယား သံအမတ် Chhea Keo က မနေ့က ဇူလိုင် ၂၅ ရက်မှာ တောင်းဆိုလိုက်တယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကျင်းပအပြီးကမ္ဘောဒီးယား သံအမတ်ကြီး ချာဟေကီအိုက သူ့နိုင်ငံအနေနဲ့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားပြီး အငြင်းပွားမှုတွေကို ကမ္ဘောဒီးယားက ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းလိုတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယား သံအမတ်ရဲ့ကမ်းလှမ်းချက်ကို ထိုင်းဖက်ကတော့ ချက်ချင်းအကြောင်းမပြန်သေးဘဲ ၊ ထိုင်းနိုင်ငံအနေနဲ့ ညှိနှိုင်းဖို့ ကြားခံ နိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်းတွေက ဝင်ညှိပေးတာကို လက်ခံမှာ မဟုတ်ဘဲ နှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးတာကိုဘဲလက်ခံမှာဖြစ်တယ်လို့ အသိပေးပြောကြားထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ချုပ် (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟမ်က နှစ်ဖက် ဆွေးနွေးမှုတွေ အဆင် ပြေစေဖို့ညှိနှိုင်းပေးရေး ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ် ကလည်း အန်ဝါရဲ့ ကြားဝင် ဖျန်ဖြေပေးမှုကို လိုလားတဲ့ အရိပ်အယောင်မျိုး ပြသနေပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာကတော့ ညှိနှိုင်းမယ်ဆိုရင် နှစ်နိုင်ငံတည်းပဲ စကားပြောဖို့ လို လားတယ်လို့ ပြတ်ပြတ်သာသား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က အခြေအနေတွေဟာ ဒီထက် ပိုဆိုးရွား ကျယ်ပြန့်လာရင် နယ်စပ်တိုက်ပွဲ အဆင့်ကနေ နှစ်နိုင်ငံကြားက စစ်ပွဲကြီးအသွင် ကူးပြောင်းသွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ ဒီကနေ ဇူလိုင် ၂၆ ရက်နေ့မှာ သုံးရက်မြောက်နေ့အဖြစ် တိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး