မြန်မာနိုင်ငံလွတ်မြောက်ဖို့အတွက်ပေး ဆပ်တိုက်ပွဲဝင်နေသူတွေအားလုံးကို အထူးလေးစား ဂုဏ်ပြုဦးညွှတ်ကြောင်းနိုင်ငံတော်ရဲ့အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်)ကိုထိန်လင်းက ဆိုပါတယ်။
ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်း အနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကျင်းပစဉ် က အခုလိုဘဲပြောကြားခဲ့တာဖြစ်ပါတယ်။
အာဇာနည်တွေရဲ့ အသက်တွေ ၊ ဘဝတွေ ပေးဆပ်ခဲ့တာဟာ လွတ်လပ်ငြိမ်းချမ်းတဲ့မြန်မာနိုင်ငံဖြစ်လာဖို့အခြေခံအုတ်မြစ်တည်ဆောက်ပေးခဲ့တာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ဆိုပါတယ်။
အဖိုးဖြစ်သူအနေနဲ့လွတ်လပ်ရေးမရခင် လပိုင်းအလိုမှာ လုပ်ကြံခံခဲ့ရပေမယ့် သူ့ရဲ့မျှော်လင့်ချက်အိမ်မက်က အခုထိကူးစက်ရှင်သန်နေဆဲဖြစ်တယ်လို့ ကင်မ်က ဆိုပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမရဲ့ဖခင်ယုံကြည်ချက်တာဝန်ကို လက်လွှဲယူပြီး တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် ဘဝတလျောက်လုံး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-Kim Aris


