Homeပြည်တွင်းသတင်းယခုနှစ် ဇွန်လ တစ်လတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၀ ဦးရှိ‌နေ၊ နိုင်ငံရေးအကျဉ်းသားနှင့် ပြည်သူ ၆၈ ဦး သေဆုံး

ယခုနှစ် ဇွန်လ တစ်လတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၀ ဦးရှိ‌နေ၊ နိုင်ငံရေးအကျဉ်းသားနှင့် ပြည်သူ ၆၈ ဦး သေဆုံး

ဇူလိုင် ၂၀၂၅

ယခုနှစ် ဇွန်လ တစ်လတာအတွင်း နိုင်ငံ ရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၀ ဦးအထိရှိ‌နေပြီး၊ နိုင်ငံရေးအကျဉ်းသားနဲ့ပြည်သူ ၆၈ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့စစ်တမ်းဖော်ပြချက်အရ သိရပါတယ်။

သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ပြည်သူ ၆၈ဦးအနက် ၁၆ ဦးဟာ ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လတစ်လတာအတွင်း အတည်ပြုဖို့ လိုအပ်နေတဲ့ သေဆုံးခဲ့သူ ၈၀ ဦးခန့် အရေအတွက်ကိုလည်း သီး ခြားကောက်ယူထားပြီး အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ AAPPရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေဟာ တနေ့တခြားပိုမိုများပြားလာတာတွေကို တွေ့ရှိရပါတယ်။ နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေကို ဆန်းစစ်ကြည့်ရရင် စစ်ကြောရေး၊ အကျဉ်းထောင်နဲ့ အခြားနေရာမျိုးစုံမှာချုပ်နှောင်ခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှုကြောင့်၊ အချိန်မီဆေး ဝါးကုသမှု မရရှိတာ၊ လုံလောက်တဲ့ အာ ဟာရ မရရှိတာတွေကြောင့်ဆိုတဲ့ အချက်တွေအပြင် ထောင်ပြောင်းရွှေ့မှုတွေကြောင့် မိသားစုဆီက အထောက်အပံ့ရရှိမှုခက်ခဲတာတွေ၊ တချို့တိုက်ပွဲဖြစ်ပွါးရာနဲ့ နီးစပ်ရာဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုတွေကြောင့်ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး အကျဉ်း ထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်း သားတွေ သတ်ဖြတ်ခံနေရတာ၊ သေဆုံးနေရတဲ့ကိစ္စတွေမှာ အကျဉ်းထောင်တာ ဝန်ရှိသူ အဆင်ဆင့်က တာဝန်ခံရမှာဖြစ်ပါတယ်။” လို့ဆိုပါတယ်။

အခုဖော်ပြတဲ့ ကိန်းဂဏန်းအရေအတွက်ဟာအေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားတဲ့အရေအတွက်ဖြစ်ပြီး အမည်နဲ့တကွ အတည်ပြုထားနိုင်အချက်အလက်များကိုသာ ထည့်သွင်းထားတာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-AAPP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး