Homeပြည်တွင်းသတင်းသမ္မတဦးဝင်းမြင့် လွတ်မြောက်မှုကို ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ယူကေအစိုးရ တောင်းဆို

သမ္မတဦးဝင်းမြင့် လွတ်မြောက်မှုကို ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ယူကေအစိုးရ တောင်းဆို

၂၂ ဧပြီ ၂၀၂၆ | New Day Myanmar

နိုင်ငံတော်သမ္မတဦးဝင်းမြင့် နဲ့ အကျဉ်းသားအချို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်တာကို ကြိုဆိုအသိအမှတ်ပြုပြီး ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ယူကေအစိုးရက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်ရှိ ဗြိတိသျှသံရုံး သံရုံးအကြီးအကဲ Andrew Jackson က “ဦးဝင်းမြင့် နဲ့ အကျဉ်းသားအချို့အား လွတ်ငြိမ်းခွင့်ပြုခြင်းကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အခြားအကျဉ်းသားများစွာရဲ့ သတင်းကိုတော့ စိုးရိမ်စွာနဲ့ စောင့်မျှော်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူတွေ မျှော်လင့်ထားတဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီအနာဂတ်အတွက် ဆက်လက်ထောက်ပံ့သွားမယ်လို့လည်း ဆိုပါတယ်။

အဆိုပါရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အပြည့်အဝရရှိရေးနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေးကို ဆက်လက်တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး