၂၉ ဇွန်၊၂၀၂၅
ဝန်ကြီးချုပ်နှုတ်ထွက်ရေး ဘန်ကောက်မှာ ထိုင်းလုထုဆန္ဒပြပွဲတွေဖြစ်ပေါ်နေချိန် ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသား လူနည်းစုတွေကို ၅ ရက်အတွင်း ထိုင်းနိုင်ငံသားဖြစ်ခွင့်အတွက် လုပ်ဆောင်ပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဇွန် ၂၈ ရက်မှာ အသိပေး လိုက်ပါတယ်။
အဲ့ဒီ နိုင်ငံသာဖြစ်ခွင့် လုပ်ငန်းစဉ်ကို ဇွန် ၃၀ရက်နေ့မှာ စတင်မှာဖြစ်ပြီး၊ အရင်က နိုင်ငံသားဖြစ်ခွင့်အတွက် လုပ်ငန်းစဉ် ရှည်ကြာတဲ့ စိစစ်မှုတွေကို ၅ ရက်အ တွင်းလုပ်ဖို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ် လိုက်ပြီး တဲ့နောက် ဝန်ကြီးချုပ်က အခုလို ပြောလိုက်တာဖြစ်ပါတယ်လို့ BBC ရဲ့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံထဲကို ၁၉၉၉ ခုနှစ်မတိုင်ခင် ဝင်ရောက် နေထိုင်ခဲ့တဲ့သမိုင်းကြောင်းရှိကြသူတွေနဲ့ သူတို့ရဲ့ သားသမီးစုစု ပေါင်း လေးသိန်းရှစ်သောင်းကျော်ဟာ ဒီလုပ် ငန်းစဉ်မှာ အကျုံးဝင်နေတယ်လိုလည်း ဆိုပါတယ်။
ဒါ့အပြင် သူမ က “နိုင်ငံသားဖြစ်ဖို့ နှစ် ရှည်လများ စောင့်မျှော်နေကြတဲ့ တိုင်း ရင်းသား အစ်ကိုတွေ၊ အစ်မတွေ အားလုံးအတွက် လေးလေးနက်နက် ဂုဏ်ပြုကြို ဆိုချင်ပါတယ်။ ကြာမြင့်ခဲ့တဲ့ ပြဿနာတွေလည်း အဆုံး သတ် တော့မှာပါ”လို့လည်း ထိုင်းဝန်ကြီးချုပ်က ရေးသား မျှဝေထားတာကိုလည်းတွေ့ရပါတယ်။
ဒီနေ့ ဇွန် ၂၉ ရက် နံနက်ပိုင်းမှာလည်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်ကို ဝန်ကြီးချုပ်ရာထူးက နှုတ် ထွက်ပေးဖို့ မြို့တော် ဘန်ကောက်မှာ ဆန္ဒပြတာတွေ လုပ်ဆောင်နေပါတယ်။
ဒီလိုဆန္ဒပြတာဟာကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှုအသံဖိုင်ပေါက်ကြားခဲ့တဲ့အပေါ် သူမကို ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပေးဖို့ ထိုင်းအချုပ်အခြာအာဏာကာကွယ်ရေးအတွက် အမိမြေရဲ့ အင် အားညီညွတ်ရေး လို့ အမည်ရတဲ့ အဖွဲ့က ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ -Ch 7HD NEWS၊ ထိုင်းအစိုးရအဖွဲ့


