Homeပြည်တွင်းသတင်းပေါ်တာဆွဲခံရလို့ စစ်တပ်ကို ငွေကျပ်သိန်း ၁၅၀ ပေးခဲ့ရပေမယ့် ရှေ့တန်းပို့ဆောင်ခံရပြီး အလင်းဝင်လာ

ပေါ်တာဆွဲခံရလို့ စစ်တပ်ကို ငွေကျပ်သိန်း ၁၅၀ ပေးခဲ့ရပေမယ့် ရှေ့တန်းပို့ဆောင်ခံရပြီး အလင်းဝင်လာ

၂၉ ဇွန် ၊ ၂၀၂၅

စစ်တပ်က ပေါ်တာဆွဲခံရပြီး ငွေကျပ်သိန်း ၁၅၀ စစ်ကောင်စီကို ပေးခဲ့ပေမယ့် ပြန်လွှတ်မပေးဘဲ အဓမ္မစစ်သား စုဆောင်းခံပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရသူတစ်ဦး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) ထံ အလင်းဝင်လာတယ်လို့ KNLA ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပေါ်တာဆွဲခံရသူမှာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နေ ရဲရင့်ခန့်ညား နဲ့ သူငယ်ချင်းသုံးဦးဖြစ်တယ်လို့ သိရပြီး စစ်မှုမထမ်းလိုပါက ငွေကျပ်သိန်း ၁၅၀ ပေးရမယ်လို့ တောင်းခံခဲ့ပေမယ့် ပြန်လွှတ်မပေးဘဲ အဓမ္မစစ် သားစုဆောင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ကို လမ်းမှာစစ်ပြီးခေါ်လာပြီးတော့ ကျောက်မီးသွေးစခန်းကိုပို့ လိုက်တယ်။ ပြီးတော့ ကျနော်တို့ အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင် ပိုက်ဆံ ၁၅၀(ကျပ်သိန်း ၁၅၀)ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်” လို့လည်း ၎င်းကပြောဆိုထားပါတယ်။

အဓမ္မစစ်သားစုဆောင်ခံရတဲ့ စစ်ကောင်စီတပ်သားသစ်ရဲရင့်ခန့်ညားဟာ တပ်မ (၅၅) လက်အောက်ခံ ခမရ(၁၁၇) ကနေ အောင်ဇေယျစစ်ကြောင်းထံ ပို့ဆောင်ခံရပြီး KNLA ထံ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – KNLA

ဆက်စပ် သတင်းများ

Most Read