မန္တလေးမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦးတွေက လျှပ်စစ်မီတာ ဖတ်လို့ရရင် ၂ လစာ ပေါင်းဆောင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်မီတာရုံးက ထုတ်ပြန်ထားပါတယ်။
ပျက်စီးမှုရှိတဲ့ အဆောက်အဦးတွေအနေနဲ့ မတ်လ အတွက် မီတာဘေလ် မရရှိတဲ့ လျှပ်စစ်မီးသုံးသူတွေက မေလ ၁ ရက်ကစပြီး ဧပြီ လ အတွက် မီတာဖတ်ရှု့ချိန်မှာသုံးစွဲ ယူနစ်တွေကို ( ၂ ) လ စာ တွက်ချက်သွားမယ်လို့ သိရပါတယ်။
လျှပ်စစ်မီးသုံးသူတွေအနေနဲ့ မတ်လနဲ့ ဧပြီလတွေအတွက်ကျသင့်ငွေကို မီတာဘေလ်ပေါ် ပါရှိတဲ့ နောက်ဆုံးပေးဆောင်ရမယ့်ရက်အတိုင်း ပေးဆောင်ဖို့ သတိပေးထားပါတယ်။
ပျက်စီးမှုမရှိပဲ မီတာဖတ်ရှုနိုင်တဲ့ မီးသုံးသူတွေအနေနဲ့ မတ်လအတွက် မီတာဘေလ်ရရှိပါက ဘေလ်ပေါ်မှာ ပါရှိတဲ့ နောက်ဆုံး ပေးဆောင်ရမယ့်ရက်အတိုင်း ပေးဆောင်ရမယ်လို့ဆိုပါတယ်။
မီတာဖတ်မရအောင် ပျက်စီးသွားပါက ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို သတင်းပေးပို့ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ – New Day Myanmar