Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လျစ်လျူနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်ကို ထိုင်းလွှတ်တော်အမတ်ဝေဖန်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လျစ်လျူနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်ကို ထိုင်းလွှတ်တော်အမတ်ဝေဖန်

၂၁ ဧပြီ၊ ၂၀၂၅

အာဆီယံ အလှည့်ကျ ဥက္ကဌ လည်းဖြစ် မလေးရှားဝန်ကြီးချုပ်လည်းဖြစ်တဲ့ အန်နဝါအီဘရာဟင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က လူမှုကွန်ရက်ကတဆင့် ဧပြီ ၁၄ ရက်မှာဝေဖန်ထောက်ပြခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ဧပြီ ၁၉ ရက်နေ့မှာမန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာနဲ့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေဟာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က အဲ့ဒီဖြစ်စဉ်တွေကို ပြောပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင် ကိုဒီလိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးဘာကြောင့်လျစ်လျူရှုနေသလဲ ဆိုတာကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအကြမ်းဖက် နဲ့ ဆက်ပြီး စေ့စပ်ညှိနှိုင်းဖို့ လုပ်ဆောင်နေဦးမယ်ဆိုရင်သေဆုံးသွားတဲ့ မြန်မာပြည်သူတဦးချင်းစီအတွက် တာဝန်ခံရမယ်လို့လည်း Kannavee Suebsang က သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most read