Homeပြည်တွင်းသတင်းယာယီသမ္မတ မင်းအောင်လှိုင်က အရေးပေါ်ကာလ ၆ လထပ်တိုးဖို့ တပ်ချုပ် မင်းအောင်လှိုင်ကို ခွင့်ပြု

ယာယီသမ္မတ မင်းအောင်လှိုင်က အရေးပေါ်ကာလ ၆ လထပ်တိုးဖို့ တပ်ချုပ် မင်းအောင်လှိုင်ကို ခွင့်ပြု

၃၁ ဇန်နဝါရီ၊ ၂၀၂၅

နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို စစ်ကောင်စီအနေနဲ့ ၆ လသက်တမ်း ထပ်တိုးခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ-၃၁ ရက်မှာ နေပြည်တော်ရှိ စစ်ကောင်စီရုံးရဲ့ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ ယာယီသမ္မတ မင်းအောင်လှိုင်က အရေးပေါ်ကာလ ၆ လထပ်တိုးဖို့ တပ်ချုပ် မင်းအောင်လှိုင်ကို ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်တွေကြောင့် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့်ပေးဖို့ အာဏာသိမ်းခေါင်းဆောင် ‌မင်းအောင်လှိုင်ကပြောပါတယ်။

အဲ့ဒီနောက် ယာယီသမ္မတမင်းအောင်လှိုင် ဦးဆောင်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အားလုံးက နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ခဲ့တယ်ဆို သိရပါတယ်။

ဆက်စပ် သတင်းများ

Most read