၁၉ ဇန်နဝါရီ၊ ၂၀၂၅
အာဆီယံဥက္ကဌရဲ့ မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်အဖြစ် မလေးရှားသံအမတ်ဟောင်း Tan Sri Othman Hashim ကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက်မှာ ခန့်အပ်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က ဒီနေ့မနက်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌရဲ့ အထူးသံတမန်အဖြစ် Tan Sri Othman Hashim ကို ခန့်အပ်လိုက်ကြောင်း အသိပေးချင်ပါတယ်။ သူဟာ အထူးသံတမန်အဖြစ် တာဝန် ထမ်းဆောင်ရာမှာ ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့အတွေးအမြင်ကို သုံးသပ်ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Othman ဟာ ချက်နိုင်ငံဆိုင်ရာမလေးရှားသံအမတ်ကြီးအဖြစ် ၂၀၀၂ ကနေ ၂၀၀၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင်မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှာ ဥက္ကဌအနေနဲ့ တာဝန်ယူခဲ့ဖူးသလို ရိုမေးနီးယား ၊ တရုတ်၊ ဆွစ်ဇာလန်တို့မှာလည်း သံအရာရှိဘဝနဲ့ သွားရောက်ခဲ့ဖူးပါတယ်။၂၀၀၉ က ၂၀၁၂ အထိကုလသမဂ္ဂဆိုင်ရာမလေးရှား အမြဲတမ်း သံအမတ်ကြီးလည်း ဖြစ်ပါတယ်။ ၂၀၁၂ က ၂၀၁၃ အထိ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မလေးရှားသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၃ မှာတော့နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ်အဖြစ် ၃ နှစ်တာဝန်ထမ်းဆောင်ထားပါတယ်။
ဓာတ်ပုံ – The Star