Homeပြည်တွင်းသတင်းစစ်ရှောင်စခန်းကို စစ်ကောင်စီနဲ့ PNOတပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၃ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ

စစ်ရှောင်စခန်းကို စစ်ကောင်စီနဲ့ PNOတပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၃ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ

၁၉ ဇန်နဝါရီ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်က စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဇန်နဝါရီလ ၁၇ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ ညောင်ရွှေမြို့နယ် ဘုရားတောင်လွယ်နွဲ့မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်နဲ့ PNO က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ရာ အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။

“ဘုရားတောင်ရွာမှာ တိုက်ပွဲမရှိပါဘူး။ စစ်ရှောင်စခန်းမှန်းသိသိနဲ့ တမင်ပစ်တာလား အရပ်သား ဘယ်သူထိထိဆိုပြီး ရမ်းသမ်းပစ်တာလားတော့ မသိဘူး။ စကစနဲ့ ပအိုဝ်းပြည်သူ့စစ်က ပြည်သူတွေအပေါ် အကြမ်းဖက်တာပါ” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ရှောင်နဲ့ ဒဏ်ရာရသူတွေက ညောင်ရွှေမြို့နယ် ရေပူရွာခံတွေ ဖြစ်ကြပါတယ်။ ဒဏ်ရာရသူတွေကို ညောင်ရွှေမြို့နယ်က စံကားဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေတဲ့ ဒေသခံဦးရေ ၆၅၀၀၀ ရှိပြီး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး- PYO က ဆိုပါတယ်။

ဓာတ်ပုံ – Human Rights of Inle Region

Related News

Most Read