၂၂ နိုဝင်ဘာ၊၂၀၂၄
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၉ လက်သိမ်း ဆည်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ အမှတ် ၁ စစ်ဒေသက နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဆောက်ခြုံပေါက်ရွာမှာ ဗိုလ်မှူးကျော်ဇေယျ ဦးဆောင်တဲ့ ခမရ ၇၀၁၊ ၇၀၃၊ ၇၀၄ အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကြောင်းကို ကာကွယ်ရေး ပူပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုနဲ့ အမှတ် ၅၁၀ တပ်ရင်း မန္တလေးခရိုင် ပကဖ မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်မြို့နယ် မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးပြီး MA-15၊ ငါးကြင်းမြီး နဲ့ MA-10 RPG အပါအဝင် လက်နက် ၉ လက်သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
Photo – NUG