Homeပြည်တွင်းသတင်းမြန်မာအလုပ်သမား ၁၄၉ ဦးကို လိမ်လည်သွားတဲ့အမျိုးသမီးနှစ်ဦးကို ထိုင်းရဲများ ဖမ်းဝရမ်းထုတ်

မြန်မာအလုပ်သမား ၁၄၉ ဦးကို လိမ်လည်သွားတဲ့အမျိုးသမီးနှစ်ဦးကို ထိုင်းရဲများ ဖမ်းဝရမ်းထုတ်

၂၁ နိုဝင်ဘာ၊ ၂၀၂၄

မြန်မာအလုပ်သမား ၁၄၉ ဦးကို လိမ်လည်သွားတဲ့အမျိုးသမီးနှစ်ဦးကို နိုဝင်ဘာလ ၂၁ ရက်က ဖမ်းဝရမ်းထုတ်ပြီး အမှုကို စစ်ဆေးဆောင်ရွက်နေကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒီအမျိုးသမီး နှစ်ဦးဟာ စမွတ်စခွန်ခရိုင်၊ ခွတ်ခန်မြို့နယ်၊ Ekkachai လမ်းမပေါ်က Index Interfurn Company Limited မှာ အလုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကုမ္ပဏီရဲ့ လုံခြုံရေးဂိတ်ဝနားမှာပဲ တစ်ဦးကို ဘတ် ၃၀၀၀ က ဘတ် ၅၀၀၀ ကောက်ယူသွားတယ်လို့ သိရပါတယ်။

ငွေပေးခဲ့တဲ့အလုပ်သမားတွေဟာ သဘောတူညီထားတဲ့အတိုင်း နိုဝင်ဘာ ၂၀ရက် မနက်ပိုင်းမှာ အလုပ်လာဆင်း တဲ့အခါမှာ သူတို့ကို ခန့်အပ်ထားတာမျိုးမရှိဘဲ ခေါ်ယူနေတဲ့အလုပ်တွေဟာ ညဆိုင်းအလုပ်တွေ ဖြစ်တယ်လို့ ပြန် ပြောတဲ့အတွက် သူတို့ပေးထားတဲ့ငွေကို ပြန်တောင်းတာ ဖြစ်ပါတယ်။

အလုပ်သမားများစွာက ပြန်အမ်းငွေတောင်းခံတဲ့အခါမှာ ဒီအမျိုးသမီးနှစ်ဦးက ပျောက်သွားတဲ့အတွက် အလု့ပ်သမားတွေဟာ စက်ရုံရှေ့မှာ ရာနဲ့ချီပြီး စောင့်ဆိုင်းနေကြတာပါ။ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး နိုဝင်ဘာ ၂၁ ရက်မှာတော့ တရားခံအမျိုးသမီးနှစ်ဦးကို ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။

Index Interfurn ကုမ္ပဏီကတော့ ဒီလိမ်လည်မှုနဲ့ ပတ်သတ်ခြင်းမရှိဘူး လို့ သိရပါတယ်။

Photo – Khaosod

ဆက်စပ် သတင်းများ

Most read