Homeပြည်တွင်းသတင်းမင်းအောင်လှိုင်အနေနဲ့ သမိုင်းဝင်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အမျိုးသားယဉ်ကျေးမှု နဲ့ ယုံကြည်ချက်တွေကို ချိုးနှိမ်စော်ကားတာဖြစ်တယ်လို့ MNDAA ထုတ်ပြန်

မင်းအောင်လှိုင်အနေနဲ့ သမိုင်းဝင်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အမျိုးသားယဉ်ကျေးမှု နဲ့ ယုံကြည်ချက်တွေကို ချိုးနှိမ်စော်ကားတာဖြစ်တယ်လို့ MNDAA ထုတ်ပြန်

၅ စက်တင်ဘာ၊၂၀၂၄

လားရှိုး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြင်းထန်စွာပျက်စီးခဲ့ပြီး မင်းအောင်လှိုင် တပ်အနေနဲ့ သမိုင်းဝင်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အမျိုးသားယဉ်ကျေးမှု နဲ့ ယုံကြည်ချက်တွေကို ချိုးနှိမ်စော်ကားတာဖြစ်တယ်လို့ MNDAA က မနေ့ကထုတ်ပြန် အသိးပေးထားပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ဩဂုတ်လကုန်နဲ့ စက်တင်ဘာအတွင်း လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ၄ရက် မနက်မှာ ထပ်မံပြီး လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်နက်မဲ့ အရပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ လူထုကို သတ်ဖြတ်ခြင်းနဲ့ တူညီပြီး သမိုင်းဝင်နေရာတွေ ကို ပစ်မှတ်ထားခြင်းကလည်း မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းတပ်တွေဟာ အမျိုးသား ယဉ်ကျေးမှုကို နင်းချေခြင်းဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်တွေကို ချိုးနှိမ်စော် ကားခြင်း ဖြစ်ကြောင်း MNDAAက ဆိုပါတယ်။

စစ်ကောင်စီ တိုက်ခိုက်ခဲ့သည့် ဒေသခံများက ဘုံကျောင်းလို့ခေါ်ဆိုကြတဲ့ လားရှိုးမြို့ ကွမ်ရင်ဘုရားကျောင်းမှာ အလွန်အနုစိတ်သည့် ဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေပြီး ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ သက်တမ်း နှစ် ၁၀၀ ကျော်ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့ မဟာယာနဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပေါင်းစည်းထားသည် ဗိသုကာလက်ရာ၊ မဟာယာန ဗုဒ္ဓဘာသာရေးအယူအဆအရစံရွေးကိုက်တည်ဆောက်ထားသည် ယဉ်ကျေးမှုလက်ရာတွေ အမြောက်အများ ရှိတယ်လို့လည်း သိရပါတယ်။

ဇူလိုင်လမှ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ လေကြောင်း ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည် သူ ၁၀၀ကျော်ထိခိုက်ဒဏ်ရာရရှိကာစာသင်ကျောင်းများ၊ လမ်းများနှင့် အခြားအများပြည်သူပိုင်နေရာများအပြင် ကိုယ်ပိုင်အိမ်တွေ အများအပြားပျက်စီးခဲ့ရတယ်လို့ MNDAAက ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ကွမ်ရင်ဘုရားကျောင်းပျက်စီးခဲ့မှုများ

Photo – The KoKang

ဆက်စပ် သတင်းများ

Most read