Homeနိုင်ငံတကာသတင်းကုလ လုံခြုံရေးကောင်စီရဲ့ Arria-formula Meeting ကို EUတက်ရောက်ပြီး မြန်မာနိုင်ငံက ကလေးသူငယ် လူငယ်အရေးကိစ္စ ကြေညာချက်ထုတ်

ကုလ လုံခြုံရေးကောင်စီရဲ့ Arria-formula Meeting ကို EUတက်ရောက်ပြီး မြန်မာနိုင်ငံက ကလေးသူငယ် လူငယ်အရေးကိစ္စ ကြေညာချက်ထုတ်

၃၁ မေ၊ ၂၀၂၄

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်ကောင်စီအာဏာသိမ်းချိန်ကစပြီး လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခ တွေကြားမှာ မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့ လူငယ်တွေဟာ မေ့လျော့ခံနေရတယ်လို EU က မေလ ၂၉ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ Arria Formula Meeting ကို တက်ရောက်တုန်း ထုတ်ပြန်ကြေညာသွားပါတယ်။

အာဏာသိမ်းမှု ဖြစ်စဉ်အပြီး EU ဟာ မြန်မာနိုင်ငံက ကလေးသူငယ်များအပါအဝင် အကူအညီလိုအပ်နေတဲ့ အဖွဲအစည်းတွေကို ကူညီပေးနိုင်ဖို အာရုံစိုက်ထားခဲ့ပြီး တစ်ဦးချင်းကူညီပေးနေသူတွေ ၊ NGO အဖွဲအစည်း တွေနဲ့ UN လို နိုင်ငံတကာအဖွဲအစည်းတွေနဲ့အတူ ကူညီခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင်တွေနဲ့ နိုင်ငံ ရေးဆွေးနွေးမှုတွေ မလုပ်ခဲ့ဘဲ EU ဟာ စစ်ဖြစ်ပွားနေတဲ့ဒေသတွေက အရေးပေါ် အကူအညီလိုအပ်နေတဲ့ ကလေးတွေ၊ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသ ၃ ခုမှာ လူသားချင်း စာနာမှုအကူအညီပေးဖိုနဲ့ ဖွံဖြိုးရေး အကူအညီတွေ ထောက်ပံ့ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ Humanitarian- Development- Peace Nexus ဟာ EU မြန်မာနိုင်ငံကို အကူအညီပေး တဲ့အစီအစဉ်တွေမှာ သုံးတဲ့ စံနမူနာဖြစ်တယ်လို EU ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ EU က မြန်မာနိုင်ငံကို ကူဖို ယူရို ၂၂၃သန်းထိ သုံးစွဲဖို အဖွဲဝင်တွေ သဘောတူခဲ့ကြပါတယ်။

အာဏာသိမ်းမှုကြောင့် လက်နက်ကိုင် ပဋိပက္ခတွေပိုပေါ်ပေါက်လာပြီး ကလေးတွေကို အကြမ်းဖက်မှုက ကာကွယ်ပေးဖိုဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။

လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မှုအပါဝင် လူသားချင်းစာနာမှုအကူအညီတွေ ပေးပိုတာ ကန့်သတ် ထားတာ ၊ နေရာတိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေရှိနေတာ ၊ ပြင်းထန်တဲ့အရပ်သား ထိခိုက် မှုတွေနဲ့ အုပ်ချုပ်မှုအခန်းကဏ္ဍတိုင်းကို စစ်ကောင်စီက ထိန်းချုပ်ထားတာတွေကြောင့် ပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေတယ်လို EU က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို အကြမ်း ဖက်မှု၊ သတ်ဖြတ်မှု၊ အတင်းဖမ်းဆီးစစ်မှုထမ်းစေမှုတို ရှိနေပြီး ကလေး ၈ သန်းဝန်းကျင်ဟာ ကာကွယ် စောင့်ရှောက်မှုကို လိုအပ်နေတယ်လို ဖော်ပြထားပါတယ်။

ကလေးတွေ လက်ထပ်ထိမ်းမြားမှု တိုးလာသလို လူကုန်ကူးခံရတာ ၊ တရားမဝင်ရွှေ့ပြောင်း‌နေထိုင် တာ တွေအပြင်ကလေးလုပ်သားအဖြစ် လုပ်ကိုင်နေရတာ ၊ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲတွေမှာ စစ်သား အဖြစ် ခေါ်ဆောင်ခံရတာတွေ ရှိနေတဲ့အတွက် EU က ကလေးသူငယ်အခွင့်အရေးအပြည့်အဝရစေဖိုနဲ့ ကလေးတွေ လုပ်သားအဖြစ် မခိုင်းစေဖိုကို ပရဟိတအဖွဲအစည်းတွေကနေ အကာအကွယ် အထောက် အပံ့ပေးသွားမယ်လို ဆိုပါတယ်။


ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရသူတွေမှာ အာဟာရမလုံလောက်မှုတွေ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံက နေအိမ်စွန့်ခွာပြေးနေရသူ လူ၁၂.၉ သန်းဟာ ၄နာရီမှာ တစ်ဦး အာဟာရမလုံလောက်လို သေဆုံးနေရတယ် လို ပါဝင်ပါတယ်။

ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက အရွယ်ရောက်ပြီးသားမိန်းမတွေနဲ့ ၅ နှစ်အောက်ကလေးငယ်တွေ ကို အာဟာရပြည့်ဝစွာ ရရှိနိုင်ဖို ကူညီသွားမယ့်အပြင် ကိုယ်ဝန်ဆောင်တွေ ၊ နိုတိုက်မိခင်တွေနဲ့ ၂ နှစ် အောက် ကလေးငယ်တွေကိုလည်း ငွေသားထောက်ပံ့တာမျိုးနဲ့လည်း ကူညီသွားမယ်လို EU ကြေညာ ချက်ထဲမှာ ပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read