Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူး လွဲပြောင်းယူလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူး လွဲပြောင်းယူလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၂၄ ဇူလိုင်၊၂၀၂၄

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ ရာထူး လွဲပြောင်းယူလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၃ ရက်နေ့မှာ ၎င်းတို့ရဲ့ ဝါဒဖြန်မီဒီယာတွေကနေ တဆင့် ထုတ်ပြန်လာပါတယ်။

ကျန်းမာရေး မကောင်းတဲ့ ယာယီသမ္မတဦးမြင့်ဆွေကို အထူးဆေးကုသရေးအဖွဲ့နဲ့ ကုသပေးနေပေမဲ့ ယာယီသမ္မတ တာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ဖို့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင် မွန်မှု မရှိသေးတာကြောင့် ယာယီသမ္မတ တာဝန်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွဲပြောင်း ယူခဲ့တာလို့လည်းလို့လည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆို ထားပါတယ်။

ထုတ်ပြန်ချက်ပါ ပြောဆိုမှုအရ “ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတမတက်ရောက်နိုင်တာဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့်ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂(ခ) မှာပါတဲ့ အခြေခံဥပဒေရဲ့ သဘော တရားတွေအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကဆုံးဖြတ်ပေးရတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၁၈ အရ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်တွေ မရှိတော့ဘူးဆိုရင် လွှတ်တော် ဥက္ကဋ္ဌကို ယာယီသမ္မတပေးလို့မရဘဲ ရှိနေတဲ့လွှတ်တော်ဥက္ကဋ္ဌဟာ ရွေးကောက်ပွဲပြီးရင် တက်လာမယ့် လွှတ်တော်ဥက္ကဋ္ဌ သစ်ကို အာဏာလွဲပြောင်းပေးဖို့သာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ယာယီသမ္မတရုံးက နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီရုံးကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။။

ယာယီသမ္မတ တာဝန်ဝတ္တရားတွေအား စစ်ခေါင်းဆောင်ကြီးမင်းအောင်လှိုင်ဆီ လွှဲပြောင်းအပ်နှံတာကို ဇူလိုင်လ ၂၂ ရက်၊ ၁၁နာရီ ၃၀ မိနစ်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read