Homeပြည်တွင်းသတင်းပုသိမ်ကြီးမြို့အနီး ဗဟိုပြုပြီး အင်အား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

ပုသိမ်ကြီးမြို့အနီး ဗဟိုပြုပြီး အင်အား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ကနေ တမိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်တခု ဒီနေ့ညပိုင်းမှာ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ဟာ ဇူလိုင် ၂၉ ရက် ည ၈ နာရီ ၃၂ မိနစ် ၄၅ စက္ကန့်မှာ လှုပ်ခတ်ခဲ့ပြီး မြေအောက်အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုခဲ့တာဖြစ်ပါတယ်။

ငလျင်ဗဟိုချက်ဟာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၉၈၁ ဒီဂရီနဲ့ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၆၇ ဒီဂရီမှာ တည်ရှိပါတယ်။

ငလျင်လှုပ်ခတ်မှုကို ပုသိမ်ကြီးမြို့နယ်အပြင် မန္တလေးမြို့ရှိ မြို့နယ်အများအပြားမှာ သိသာစွာခံစားခဲ့ရပြီး အဆောက်အအုံတွေအတွင်း နေထိုင်သူတချို့ နေအိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လတ်တလောအချိန်အထိ ငလျင်ကြောင့် လူထိခိုက်မှုနဲ့ အဆောက်အအုံပျက်စီးမှု သတင်းမရရှိပါဘူး။

Related News

Most Read