Homeပြည်တွင်းသတင်းမြဝတီ-မဲဆောက် နယ်စပ်ဖြတ်ကျော်မည့် ကားများ ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းဘက်က ခွင့်ပြုတော့မည်

မြဝတီ-မဲဆောက် နယ်စပ်ဖြတ်ကျော်မည့် ကားများ ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းဘက်က ခွင့်ပြုတော့မည်

၂၂ ဧပြီ ၂၀၂၆ ၊ New Day Myanmar

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်မယ့် မြန်မာကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဖြတ်သန်းခွင့်ပြုတော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာမခံ (ပကန်) အသစ်လျှောက်ထားပြီး သွားလာမယ့်သူတွေအတွက် အဆိုပါကန့်သတ်ချက်ကို စတင်ကျင့်သုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။

“အခုသင်္ကြန်အပြီးမှာ ထိုင်းဘက်က ကန့်သတ်လာတာပါ။ သင်္ကြန်မတိုင်ခင်က သွားလို့ရနေသေးတယ်။ လူနာတင်ယာဉ်တွေကိုတော့ သွားလာခွင့်ပြုထားပါတယ်။ ဘာကြောင့် ဒီလိုကန့်သတ်လိုက်လဲဆိုတာတော့ မသိသေးဘူး” လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကားပိုင်ရှင်အမည်ပေါက်မဟုတ်ပါက ကိုယ်စားလှယ်လွှဲစာပါရှိရမယ့်အပြင် ပိုင်ရှင်ကိုယ်တိုင်ပါ လိုက်ပါလာမှသာ ဖြတ်သန်းခွင့်ရရှိမယ်လို့လည်း သိရပါတယ်။

သင်္ကြန်အပြီး စတင်လိုက်တဲ့ အဆိုပါကန့်သတ်ချက်ကြောင့် ကားသမားအချို့ ပြန်လှည့်ခဲ့ရတဲ့ ဖြစ်စဉ်တွေရှိနေပြီး နယ်စပ်ဖြတ်ကျော်ခရီးသွားတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး