၁၇ ဧပြီ ၂၀၂၆ ၊ New Day Myanmar
ဒီကနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တစ်ရက်နေ့)မှာ စစ်ခေါင်းဆောင် လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား/သူ ၄,၃၃၅ ဦးအနက်မှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ ၁၆၅ ဦးသာ ပါဝင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ လွတ်မြောက်လာတဲ့ အမှုစုံ ၅၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား/သူ ၁၆၅ ဦးဟာ လက်ရှိအချိန်အထိ အတည်ပြုထားနိုင်သေးတဲ့ အရေအတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ စုစုပေါင်း လွတ်မြောက်လာသူဦးရေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေသေးတာကို တွေ့ရှိရပြီး ကျန်ရှိတဲ့ လွတ်မြောက်လာသူတွေရဲ့ အချက်အလက်တွေကို PPNM က ဆက်လက် စိစစ်လျက်ရှိပြီး ထုတ်ပြန်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒီကနေ့ လွတ်ပေးလိုက်တဲ့ အကျဉ်းထောင်တွေထဲမှာ အင်းစိန်နဲ့ အိုးဘို အကျဉ်းထောင်အပါအဝင် အကျဉ်းထောင် ၁၆ ခုက လွတ်မြောက်လာကြတာဖြစ်ပြီး နေပြည်တော်၊ ရမည်းသင်းနဲ့ ရွှေဘို အကျဉ်းထောင်တွေက မပါလာသေးဘူးလို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – PPNM


