Homeနိုင်ငံတကာသတင်းအီရန်မှာ အမေရိကန် တိုက်လေယာဉ် ပစ်ချခံရဟုဆို၊ လေယာဉ်မှူးဖမ်းဆီးနိုင်သူကို ဆုကြေးပေးမည်ဟု ကြေညာ

အီရန်မှာ အမေရိကန် တိုက်လေယာဉ် ပစ်ချခံရဟုဆို၊ လေယာဉ်မှူးဖမ်းဆီးနိုင်သူကို ဆုကြေးပေးမည်ဟု ကြေညာ

၅ ဧပြီ ၂၀၂၆ | New Day Myanmar

အီရန်နိုင်ငံအတွင်း အမေရိကန် တိုက်လေယာဉ်တစင်း ပစ်ချခံလိုက်ရပြီးနောက် လေယာဉ်မှူးကို အသက်ရှင်လျက် ဖမ်းဆီးပေးနိုင်သူကို ဆုကြေးငွေ ထိုက်ထိုက်တန်တန် ချီးမြှင့်မယ်လို့ အီရန်အစိုးရက ဧပြီ ၃ ရက်မှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ဟာ အီရန်အတွင်း အမေရိကန် တိုက်လေယာဉ်တစင်း ပစ်ချခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

အဆိုပါ လေယာဉ်မှာ လေယာဉ်မှူး ၂ ဦး ပါဝင်ခဲ့ပြီး အမေရိကန်ဘက်ကတော့ လေယာဉ်ဝန်ထမ်း တဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီလို့ အတည်ပြုထားပါတယ်။ ကျန်နေတဲ့ လေယာဉ်မှူးကိုတော့ အမေရိကန်တပ်ဖွဲ့တွေက ဆက်လက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်းတွေအရ စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေတဲ့ အခြေအနေအတွင်း အမေရိကန်ရဲ့ F-15E Strike Eagle တိုက်လေယာဉ်တစင်းဟာ အီရန်နိုင်ငံ အလယ်ပိုင်းမှာ ပစ်ချခံခဲ့ရတာဖြစ်ပြီး အီရန်ဘက်ကလည်း လေယာဉ်အမြီးပိုင်း အပိုင်းအစ ဓာတ်ပုံတွေကို ထုတ်ပြထားပါတယ်။

အီရန်အစိုးရ မီဒီယာတွေကတော့ ဟော်မုဇ်ရေလက်ကြားအနီး ပင်လယ်ဧရိယာမှာ ရန်သူလေယာဉ် တစင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံ အနောက်တောင်ပိုင်း ကိုလ်ဂီလူယေးနယ်မြေနဲ့ ဘွိုင်ယာ အာမက်ပြည်နယ်တို့မှာရှိတဲ့ ဒေသခံပြည်သူတွေကို လေယာဉ်မှူးတွေကို အသက်ရှင် ဖမ်းဆီးပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထံ အပ်နှံပေးဖို့ တိုက်တွန်းထားပြီး ဆုလာဘ်များပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

လက်ရှိအချိန်ထိတော့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ဘက်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဝင် မှတ်ချက်ပေးထားခြင်း မရှိသေးပါဘူး။

ဒီဖြစ်ရပ်ဟာ အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေတစ်ခုအဖြစ် လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး