Homeပြည်တွင်းသတင်းမင်းအောင်လှိုင်နေရာကို ရဲဝင်းဦး ဆက်ခံ၊ တပ်ချုပ်ရာထူးအပြောင်းအလဲ ပြုလုပ်

မင်းအောင်လှိုင်နေရာကို ရဲဝင်းဦး ဆက်ခံ၊ တပ်ချုပ်ရာထူးအပြောင်းအလဲ ပြုလုပ်

၃၀ မတ် ၂၀၂၆ | New Day Myanmar

မတ် ၃၀ ရက် မနက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ကာကွယ်ရေးဦးစီးချုပ် (ကာချုပ်) ရာထူးနေရာကို ဆက်ခံမယ့် အပြောင်းအလဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြောင်းအလဲအရ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရဲဝင်းဦး ကို ခန့်အပ်ခဲ့ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ် ကျော်စွာလင်း ကို တာဝန်ပေးလိုက်ပါတယ်။ ဒါ့အပြင် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ကိုကိုဦး ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဒီရာထူးအပြောင်းအလဲကို နေပြည်တော် ဇေယျာသီရိဗိမာန်မှာ ပြုလုပ်ခဲ့ပြီး ရဲဝင်းဦး ဟာ မကြာသေးမီကပဲ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးကို တိုးမြှင့်ခံရပြီးနောက် တပ်ချုပ်ရာထူးကို ဆက်လက် တိုးမြှင့်ခန့်အပ်ခံရတာဖြစ်ပါတယ်။

#မြန်မာ

#စစ်ရေး

#မင်းအောင်လှိုင်

#ရဲဝင်းဦး

#ကျော်စွာလင်း

#တပ်ချုပ်အပြောင်းအလဲ

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး