Homeပြည်တွင်းသတင်းထိုင်းလူမျိုးနဲ့ ရန်ဖြစ်ခဲ့တဲ့ မြန်မာ ၆ ယောက် ရဲစခန်းမှာ အဖမ်းခံ၊ နှစ်ဖက် ပြေလည်မှုရရှိ

ထိုင်းလူမျိုးနဲ့ ရန်ဖြစ်ခဲ့တဲ့ မြန်မာ ၆ ယောက် ရဲစခန်းမှာ အဖမ်းခံ၊ နှစ်ဖက် ပြေလည်မှုရရှိ

၁၃ ဇန်နဝါရီ ၂၀၂၅

ထိုင်း Delivery သမားနဲ့ ရန်ဖြစ်ခဲ့တဲ့ မြန်မာအလုပ်သမား ၆ ယောက်ဟာ ဇန်နဝါရီ ၁၃ ရက်မနက်ပိုင်းက ထိုင်းရဲတပ်ဖွဲ့ထံမှာ သွားရောက်အဖမ်းခံပြီးနောက် ဒဏ်ငွေချမှတ်ခံရပြီး နှစ်ဖက်ပြေလည်မှုရပြီဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မှာရှိတဲ့ The one ဆိုတဲ့ စားသောက်ဆိုင်အရှေ့မှာ ထိုင်းDelivery သမားကို စားသောက်ဆိုင်မှာရှိတဲ့ မြန်မာအလုပ်သမား ၆ ယောက်က ရိုက်နက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် မြန်မာအလုပ်သမား ၆ ယောက်နဲ့အတူ စားသောက်ဆိုင် မန်နေဂျာက ရဲတပ်ဖွဲ့ထံလာရောက် အဖမ်းခံခဲ့ပြီး ထိုင်း delivery သမားနဲ့ ထိုင်းပြည်သူတွေကို တောင်းပန်ကြောင်းနဲ့ နောက်နောင် ဒီလိုထပ်မဖြစ်အောင် ဝန်ခံကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့က ရန်ဖြစ်မှုအတွက် နှစ်ဖက်ကို ဒဏ်ငွေချမှတ်ခဲ့ပြီး ထိုင်း delivery သမား ဆိုင်ကယ်ပျက်စီးမှုအတွက် ဘတ် ၁၀၀၀၀ လျော်ကြေးပေးဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ The one စားသောက်ဆိုင်ဟာ ထိုင်းနိုင်ငံသားပိုင်ဆိုင်တဲ့ စားသောက်ဆိုင်ဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွာမယ်လို့ ဆိုပါတယ်။

Related News

Most Read