စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း(၃)မှာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့နယ် (၁၅)ခုလုံး မပါဝင်လာတာကိုတွေ့ရပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည် နယ်ထဲမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့မှာရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၊ ကျန်မြို့နယ်တွေအဖြစ် ပလက်၀ ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနဲ့ မြောက်ဦးမြို့နယ်တို့ကို ကြေညာခဲ့ပါတယ်။
AAထိန်းချုပ်ထားတဲ့ နောက်ထပ် မြို့နယ် ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွတို့ကို မကျင်းပနိုင်တဲ့ စာရင်းထဲက ချန်လှပ်ကာ ရွေးကောက်ပွဲကျင်းပနိုင်မယ့် ပုံစံမျိုးလိုလို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ အမ်း၊ တောင်ကုတ်၊ သံတွဲနှင် ဂွတို့မှာ ရွေးကောက်ပွဲကျင်းပနိုင်မဲ့ မျှော်လင့်ချက်နဲ့ ကြည်း၊ရေ၊ လေကို အသုံးပြုပြီး အဲဒီမြို့နယ် ၄ ခုကို အကြီး အကျယ် ထိုးစစ်ဆင်ခဲ့ပေမယ့်လည်း အပိုင်း(၁) ရွေးကောက်ပွဲကို ကျင်းပမဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ထိ မသိမ်းပိုက်နိုင်သလို ရခိုင်ပြည်ရဲ့ နယ်နမိတ်အစပ်ကိုပင် ခြေချနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့က အပိုင်း(၃) ရွေး ကောက်ပွဲပြုလုပ်နိုင်မယ့် မြို့နယ်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ကြေ ညာရာမှာ အဲဒီ ဂွ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်း မြို့နယ် ၄ ခု ကိုပါ အရင်ကလို မချန်လှပ်တော့ဘဲ AA ထိန်းချုပ်ထားတဲ့မြို့နယ် (၁၅) ခုစလုံးမှာ ရွေး ကောက်ပွဲ ကျင်းပမဲ့ စာရင်းထဲမှာ မပါဝင်လာတာကို တွေ့ရပါတယ်။
အပိုင်း (၃)ရွေးကောက်ပွဲကို လာမဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပမည်ဖြစ်ပြီး မြို့နယ် (၆၃) မြို့နယ်မှာ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော် မရှင်က ဒီလ ၂၅ ရက်နေ့ ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် အပိုင်း (၃) ရွေးကောက်ပွဲစာ ရင်းမှာလည်း ချင်းပြည်နယ်က မြို့နယ်တစ်ခုမှ ပါဝင်တာမရှိတာကိုလည်း တွေ့ရပါတယ်။


